Pages

HashOcean

Monday, September 10, 2012

စီးပွားရေး လုပ်ငန်းများ၌ ပိုမိုအဆင်ပြေစေမည့် ဆက်သွယ်ရေး Feature သစ်များကို Google+ ထည့်သွင်း

Source: yatanarpon.com.mm
စတင် ဝန်ဆောင်မှုပေးသည့် သက်တမ်းမှာ နုနယ်သေးသည် ဟုဆိုနိုင်သော်လည်း နိုင်ငံတကာတွင် အသုံးပြုသူဦးရေ တိုးတက်မှု အလွန်မြန်ဆန်သည့် လူမှုကွန်ရက်ဖြစ်သော Google+  တွင် စီးပွားရေး လုပ်ငန်းများ၌ ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်မည့် အဆင့်မြင့် လူမှုဆက်ဆံရေးစနစ် Feature သစ်များကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ကမ႓ာပေါ်တွင် လူမှုကွန်ရက်
များစွာရှိသည့်အနက် Google+ သည် စီးပွားရေး လုပ်ငန်းများ၌ အဓိက အသုံးပြုရန် ဖန်တီးထားခြင်းဖြစ်ပြီး ယင်းဝန်ဆောင်မှုကြောင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်း လုပ်ဆောင်သူများစွာ၏ အွန်လိုင်းဆိုင်ရာ သတင်းအချက်အလက် ရယူရေးနှင့် လုပ်ငန်းများ ပြီးစီးခြင်းတို့ကို အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်းလည်း သိရသည်။ Google ကုမ္ပဏီ၏ အွန်လိုင်း Application ထောက်ပံ့ရေး အဖွဲ့အစည်းအနေဖြင့် Google+ ပေါ်တွင် စီးပွားရေး လုပ်ငန်းသုံး Application များအား အသုံးပြုနိုင်ရန် စဉ်ဆက်မပြတ် အစီအစဉ်ရေးဆွဲနေရာ ယခုကဲ့သို့ Feature သစ်များ ထည့်သွင်း လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခု အသစ် ထည့်သွင်းပေးလိုက်သည့် Feature များတွင် Google+ အသုံးပြုသည့် စီးပွားရေးသမားများ အနေဖြင့် ၎င်းတို့၏ Post များနှင့် ပတ်သက်၍ လုံခြုံရေးပိုင်းကို စိတ်ကြိုက် ကန့်သတ်နိုင်မည် ဖြစ်ကြောင်း လုံခြုံရေးပိုင်းကို စိတ်ကြိုက် ကန့်သတ်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။