Pages

HashOcean

Tuesday, November 6, 2012

G-Talk အင်္ဂလိပ်-မြန်မာ အဘိဓာန်သစ် ထပ်မံပြုလုပ်ထား

မြန်မာနိုင်ငံမှ G-Talk အသုံးပြုသူများ အများဆုံး အသုံးပြုခဲ့သည့်
G-talk Bot တစ်ခုဖြစ်သည့် en2mm@mmgeeks.org အင်္ဂလိပ်-မြန်မာ
G-Talk အဘိဓာန်ကို နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့်
ရပ်ဆိုင်းခဲ့ရပြီး ပိုမိုကောင်းမွန်သော Bot သစ် en2my@burmesecloud.net
ကိုထပ်မံပြုလုပ်ပေးထားကြောင်းနှင့် မိမိတို့ G-Talk အတွင်း ထည့်သွင်း၍
အသုံးပြုနိုင်ကြောင်း သိရသည်။
G-Talk အဘိဓာန် Bot သစ်ကို ဇွန်လအတွင်းက စတင်ပြုလုပ်ခဲ့ပြီး အစပိုင်း

တွင် အသုံးပြုသူ အနည်းငယ်ကိုသာ စမ်းသပ်သုံးစွဲစေရန် Add လုပ်ပေးခဲ့ကာ
အဆင်ပြေစွာ သုံးနိုင်ခဲ့ကြောင်း သိရသည်။ Bot အဟောင်းဖြစ်သည့်
en2mm@mmgeeks.org မှာ en2mm1, en2mm2 စသည်ဖြင့် 12 အထိ
ရောက်ရှိခဲ့ပြီး အသုံးပြုသူဦးရေ တစ်သိန်းခွဲခန့်ရှိခဲ့ကာ အရေအတွက်များသဖြင့်
နည်းပညာပြဿနာများ ရှိခဲ့ကြောင်း၊ Bot အသစ် en2my@burmesecloud.netတွင်မူ
အသုံးပြုသူအားလုံးကို Bot တစ်ခုတည်းဖြင့် လက်ခံနိုင်မည်ဖြစ်ကြောင်း အဘိဓာန်
Bot များ ကိုပြုလုပ်ပေးသူ ကိုအောင်ကျော်ထက်က ပြေကြားခဲ့သည်။
em2mm@mmgeeks.org များကို ပြန်လည်ပြင်ဆင်သွားမည် မဟုတ်သဖြင့်
အသုံးပြုလိုသူများအနေဖြင့် en2my@burmesecloud.net ကို Add လုပ်၍
အသုံးပြုရမည်ဖြစ်သည်။
ပါ၀င်သည့် အဘိဓါန်မှာမူ အွန်လိုင်းနည်းပညာအဖွဲ့တစ်ခုဖြစ်သည့် Mystery Zillion အဖွဲ့က
ထုတ်ဝေပေးထားသည့် Ornagai အင်္ဂလိပ်-မြန်မာအဘိဓါန်ဖြစ်ကာ ယခင် Bot အဟောင်း
အတိုင်းပင်ဖြစ်ကြောင်း သိရသည်။ en2my@burmesecloud.net သည် ဇော်ဂျီဖောင့်
အသုံးပြုသူများအတွက်ဖြစ်ပြီး ယူနီကုတ်အသုံးပြုသူများအတွက် သီးခြား အဘိဓါန်
တစ်ခုကို en2my@gmail.com အမည်ဖြင့် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော
Myanmar's Net က ပြုလုပ်ပေးထားကြောင်း Digital Life ဂျာနယ်တွင် ဖော်ပြထားပါသည်။