Pages

HashOcean

Friday, December 14, 2012

မိုဘိုင်းအင်တာနက်သုံးစွဲခ ဇန်နဝါရီ ၁ တွင်ပြောင်းလဲကောက်ခံဦးမည်မဟုတ်


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မိုဘိုင်းအင်တာနက်သုံးစွဲခ ပြောင်းလဲကောက်ခံမည့် စနစ်အား လာမည့် ဇန်နဝါရီ ၁ ရက်နေ့တွင် ပြောင်းလဲကောက်ခံမည် မဟုတ်ဘဲ ယာယီရပ်ဆိုင်းထားဦးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။


ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ မိုဘိုင်းဖုန်း အင်တာနက်သုံးစွဲခများ Plan A,B,C ဖြင့် ကောက်ခံမည်ဟု သတင်းများ ထုတ်ပြန်ထားခဲ့သော်လည်း ယင်းစနစ်ထက် သက်သာမည့် နှုန်းထားတစ်ရပ်ကို အသေးစိတ် ထပ်မံစိစစ်သွားမည် ဖြစ်၍ ဇန်နဝါရီလ ၁ ရက်နေ့မှသာ နှုန်းထားသစ်ကို ထုတ်ပြန်ကြေညာမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ပြောကြားထားခဲ့သော်လည်း လက်ရှိတွင် အသေးစိတ်တွက်ချက်မှုများ မပြီးသေးသည့်အတွက် ယာယီရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း သိရသည်။