Pages

HashOcean

Tuesday, May 29, 2012

WinRAR 4.00 32Bit And 64Bit Full-Version

WinRAR 4.00 ချစ်သူတွေအတွက် Win Rar 4.00 ရလို့တင်ပေးလိုက်ပါတယ်
32 Bit အတွက်ရော 64 Bit အတွက်နှစ်မျိုးစလုံးတင်ပေးလိုက်ပါတယ်
rarreg.key ဆိုတဲ့ ဖိုင်လေးကို
C:\Program Files\WinRAR ဆိုတဲ့အထဲမှာ ထည့်ပြီးရင် တော့
Full Version ဖြစ်ပါပြီ.......

အောက်ကလင့်မှာဒေါင်းပါ

Friday, May 25, 2012

အိန္ဒိယအစိုးရ Website များ တိုက်ခိုက်ခံရ

အင်တာနက် Website များအား ဝင်ရောက်တိုက်ခိုက်သည့် အုပ်စုတစ်စုဖြစ်သည့် Anonymous အုပ်စု အိန္ဒိယအစိုးရ၏ Websiteပါင်း ၁၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ တိုက်ခိုက်ခံရသည့် အစိုးရ Website များအနက် ဆက်သွယ်ရး၊ အိုင်တီနှင့် အီလက်ထရောနစ်၊ တရားရုံးချုပ် Website များမှာအထိ အနာဆုံးဖြစ်ပြီး BJP ပါတီနှင့် NC ပါတီတို့၏ Website များလည်း တိုက်ခိုက်ခံရသည်ဟု ဆို၏။ အိန္ဒိယအစိုးရ၏ Website များနှင့် နိုင်ငံရေးပါတီများ၏ Website များကို တိုက်ခိုက်ရခြင်း၏ အဓိက
အကြောင်းရင်းမှာ အိန္ဒိယအစိုးရက video နှင့် File-sharing site များကို ပိတ်ပင်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ၏ အင်တာနက် ဆင်ဆာစနစ်ကို မကျေနပ်သဖြင့် လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း Anonymous အုပ်စုက ဖော်ပြထား၏။ Anonymous က ဤသို့ တိုက်ခိုက်ရာတွင် DDoS နည်းကို အသုံးပြုခဲ့သည်။ သို့သော် အစိုးရနှင့် နိုင်ငံရေးပါတီများ၏ Website များသည် ခဏတာမျှသာ ပြတ်တောက်ခြင်း ရှိခဲ့ပြီးနောင်တွင် ပြန်၍ Website များကို ကြည့်၍ ရခဲ့ကြောင်း သိရ၏။ Source; ရတနာပုံဝက်ဘ်ပေါ်တယ်

Thursday, May 24, 2012

Norton AntiVirus 2012 Product Key for 6 Months Free Download

ကမ္ဘာ့အကောင်းဆုံး Antivirus တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့
Norton Antivirus 2012 ကို  ၆ လ လိုင်စင်ကီးအပါအဝင် ဖရီး ဒေါင်းလုပ်ပေးနေပြီ ဖြစ်ပါတယ်
လိုချင်ရင်တော့.......

အောက်ကလင့်မှာသွားရောက် ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်

http://us.norton.com/ps/loem/EN/Facebook/index.html

Wednesday, May 23, 2012

သမိုင်းတစ်လျှောက် ကြိုတင်မှာယူမှု အများဆုံးအဖြစ် Galaxy S3 ရပ်တည်

မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရောင်းချမှု သမိုင်းတစ်လျှောက် ကြိုတင်မှာယူမှု အများဆုံး လက်ခံရရှိသော အမျိုးအစားအဖြစ် Galaxy S3 က ရပ်တည်နိုင်ခဲ့ပြီ  ဖြစ်သည်။ Samsung က ထုတ်လုပ်သည့် Android OS အခြေပြု ဖုန်းသစ်သည် ကြိုတင်အမှာစာ (၉) သန်း လက်ခံရရှိခဲ့သည်။ ထိုစံချိန်သည် Apple ၏ iPhone 4S က တင်ရှိထားသော ကြိုတင်အမှာစာ (၄) သန်း စံချိန်၏ နှစ်ဆကျော်ထိ များပြားနေခဲ့သည်။ လေ့လာသူများက Android OS သုံး ဖုန်းများ၏ စျေးကွက် လွွှမ်းမိုးမှုသည် ယနေ့ခေတ်တွင် သန်းပေါင်း(၃၅၀) မျှ ရှိနေသော်လည်း (၂၀၁၃) အကုန်တွင် (၁)
ဘီလျံထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ Galaxy S ဖုန်းစီးရီးများသည် Android OS သုံး ဖုန်းများအနက် ရောင်းပန်းအလှဆုံး ဖြစ်နေခဲ့သည်။

Galaxy S2 ကို ရောင်းချကတည်းက အသုံးပြုသူများ၏ အထင်ကြီး လေးစားမှုကို ပိုင်ဆိုင်နိုင်ခဲ့သည့်နောက် Samsung အတွက် Galaxy S3 ကို ရောင်းချရာတွင် အလွန် မြင့်မြင့်မားမား မျှော်လင့် ခံထားရသည်။ အဆိုပါဖုန်းကို ဗြိတိန်တွင် မေလ (၂၉) ရက်နေ့၌ စတင်ရောင်းချမည် ဖြစ်သည်။ iPhone 4S သည် ကြိုတင်အမှာစာ (၄) သန်းထိ ရရှိခဲ့သော်လည်း Galaxy S3 ၏ စံချိန်နှင့် ယှဉ်ပါက မျက်နှာငယ်လာရသည်။ Samsung သည် စျေးကွက် ဝယ်လိုအားကို အမီလိုက်ရန်အတွက် လုပ်သား (၇၅၀၀၀) ကို အသုံးပြုကာ Galaxy S3 ဖုန်းသစ်များ ထုတ်လုပ်နေရကြောင်း သိရှိရသည်။

Samsung သည် စျေးကွက်အတွင်း Galaxy S3 ကို လိုအပ်ချက်အမီ ဖြည့်ဆည်းနိုင်ရန်အတွက် တစ်လလျှင် အလုံးရေ (၅) သန်း ထုတ်လုပ်ရေး ရည်ရွယ်ထားရာ လုပ်သားတစ်ဦး တစ်နေ့လျှင် ဖုန်း (၆၆) လုံး ထုတ်လုပ်ရမည့် အခြေအနေ ဖြစ်သည်။ Galaxy S3 အတွက် အမှာစာများသည် ကမ္ဘာေဒသ အပိုင်းအခြား တစ်ခုတည်းမှ မဟုတ်ဘဲ ကမ႓ာအရပ်ရပ်မှ ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါဖုန်းသည် ယခုနှစ်အတွင်း ကမ္ဘာပါ်တွင် ပေါ်ပြူလာအဖြစ်ဆုံး မိုဘိုင်းလ်ဖုန်း ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ် ပြောကြားထားသည်။
Source: ရတနာပုံဝက်ဘ်ပေါ်တယ်

Monday, May 21, 2012

Twitter ကတိုက်ခိုက်ခံရသည့် Account ပြဿနာ ဖြေရှင်းနိုင်ဟုဆို


Twitter က ၎င်း၏ တိုက်ခိုက်ခံရသည့် account 55,000 ကို ဖယ်ရှားပစ်ခဲ့ကြောင်း  အစီရင်ခံ တင်ပြခဲ့သည်။ ဟက်ကာအုပ်စု ဖြစ်သည့် Anonymous သည် Twitter account 55,000 နှင့် ပတ်သက်သည့် အသေးစိတ် သတင်းအချက်အလက်များကို ချိတ်ဆက်ရယူပြီး ထုတ်ပြန်ခဲ့သော်လည်း ၎င်းတင်ပြသည့် account အများစုသည် အတုများ ဖြစ်သည်ဟု ဆိုသည်။ ၎င်းအုပ်စုတင်ပြသည့် သတင်းအချက်အလက်၊ username နှင့် password အများစုက အတုများဖြစ်ကြောင်း Twitter က ကြေညာခဲ့သည်။ Postebin ၌
လွှင့်တင်ထားသည့် account စာရင်း၌ လောလေဆယ် ဆိုင်းငံ့ထားသည့်  span account အများအပြား၌ account အတု 20,000 ကျော် ရှိသည်ဟု ဆိုသည်။ username  နှင့်  password အများအပြား၏ ၎င်းတို့အချင်းချင်း ချိတ်ဆက်ပုံများကို ဖော်ပြနိုင်ခြင်း မရှိကြောင်း Twitter က ဆိုသည်။ စိုးရိမ်ပူပန်နေသည့် user များ၏ အဆိုပါ ကွန်ရက်၏ Help Centre သို့ တောင်းခံလာသည့် ၎င်းတို့၏ password ပြောင်းလဲရေးနှင့် လုံခြုံရေး setting  များ ပြန်လည်ကြည့်ရှု သုံးသပ်ရေး လုပ်ငန်းများအတွက် password reset ပြုလုပ်ပြီး  account များကို ထုတ်ပေးခဲ့သည်။ Twitter နှင့် ဟက်ကာများ၏ အပြန်အလှန် တင်ပြချက်များကို အကဲခတ်များက စောင့်ကြည့် သုံးသပ်နေဆဲ ဖြစ်သည်။

Source; NetGuide Journal

Friday, May 4, 2012

မြန်မာ့ဆက်သွယ်ရေးမှ ပြင်ဆင်သတ်မှတ်မှုအချို့

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ချထားပေးလျက်ရှိသော CDMA , GSM နှင့် WCDMA မိုဘိုင်းဖုန်းများ ကတ်ပျက်ခြင်းအတွက် အခမဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ကတ်ပျောက်ဆုံးမှုအတွက် ကျပ် နှစ်သောင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

 
GSM ဖုန်း အင်တာနက်သုံးစွဲခ လျှော့ချ

လက်ရှိ တစ်မိနစ်လျှင် ၄ ကျပ် ကောက်ခံလျက် ရှိသည့် GSM 2.75G (EDGE) အင်တာနက် သုံးစွဲခများကို မေလ ရ ရက်နေ့မှ စတင်၍ တစ်မိနစ် ၂ ကျပ်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။