Pages

HashOcean

Friday, January 25, 2013

အွန်လိုင်းမှ အင်တာနက်ဘီလ်ဆောင်ခွင့် ယခုလကုန် ရမည်

Source:http://popularmyanmar.com/
အွန်လိုင်းအင်တာနက် ဘီလ်‌ဆောင်ခွင့်ကို ယခုလကုန်တွင် စတင်‌ဆောင်ရွက်သွားမည်ဟု ရတနာပုံ တယ်လီပို့မှ သိရသည်။
”ဘဏ်‌တွေကို ‌နောက်ဆုံးအကြိမ် ‌ခေါ်‌တွေ့ဖို့ပဲ ရှိ‌တော့တယ်။ လုပ်ငန်းအပိုင်း‌တွေ အားလုံး ပြီးစီး သွားပါပြီ။ ‌တွေ့တဲ့အပိုင်းကလည်း ဒီဝန်‌ဆောင်မှုကို လူသိ‌အောင် ‌ကြေညာဖို့အတွက် ‌ခေါ်‌ပြောမှာပါ” ဟု ရတနာပုံတယ်လီပို့မှ ဌာနမှူး ဦး‌အောင်စံမြတ်က ‌ပြောသည်။
အဆိုပါစနစ် စတင်ပါက မြန်မာ့ဆက်သွယ်‌ရေးမှ ဝန်‌ဆောင်မှု ‌ပေးထားသည့် ADSL၊ ရတနာပုံ တယ်လီပို့မှ ADSL၊ ဘီလ်စနစ်သုံး ဖိုင်ဘာ‌ကေဘယ်စနစ်၊ FTTX စနစ်များ ဘီလ်‌ဆောင်ခွင့် ရရှိ မည်ဖြစ်‌ကြောင်း သိရသည်။
”အချိန်ကြာမြင့်နေတာက တစ်စုံတစ်ခု ချို့ယွင်းချက် မရှိ‌အောင် အ‌သေးစိတ်လုပ်‌နေတဲ့အတွက် ကြာသွားတာပါ။ ဖုန်းဘီလ်‌ဆောင်တဲ့ စနစ်အတိုင်း ‌ဆောင်ရွက်ထားပါ တယ်” ဟု ၎င်းက ဆက်‌ပြောသည်။

ယင်းစနစ်ကို အသုံးပြုမည်ဆိုပါက ရတနာပုံ တယ်လီပို့နှင့် ချိတ်ဆက်‌ဆောင်ရွက်ထားသည့် ဘဏ်များတွင် ‌ငွေစာရင်းဖွင့်လှစ်၍ ‌ဆောင်ရွက်ရမည် ဖြစ်‌ကြောင်း၊ ၎င်း အပြင် ရတနာပုံ ဝက်ဘ်‌ပေါ်တယ် ‌ပေါ်တွင်လည်း ကိုယ်တိုင် ဘီလ်‌ဆောင်နိုင်မည် ဖြစ်‌ကြောင်း သိရသည်။
ဝန်‌ဆောင်ခ အ‌နေဖြင့် ဘဏ်စာရင်း ဖွင့်လှစ်ခ ကျပ်တစ်‌သောင်း၊ ဘီလ်‌ဆောင်ခ ကျပ်ငါးရာ ကျသင့်မည်ဖြစ်ပြီး အင်တာနက်ဘီလ်အပြင် ဖုန်းဘီလ်နှင့် ထပ်မံ ဝန်‌ဆောင်မှု ‌ပေးမည့် အွန်လိုင်းမီတာ ဘီလ်များကိုပါ ‌ပေး‌ဆောင်ခွင့် ရရှိမည်ဖြစ်‌ကြောင်း သိရသည်။
ဝန်‌ဆောင်မှု ‌ပေးမည့်ဘဏ်များမှာ AGD ဘဏ်၊ ယူနိုက်တက် အမရဘဏ်၊ CB ဘဏ်၊ မြန်မာ့ စီးပွား‌ရေးဘဏ်၊ မြန်မာအ‌ရှေ့တိုင်းဘဏ်နှင့် က‌မ္ဘောဇဘဏ်များ ဖြစ်ပြီး အဆိုပါဘဏ်များမှာ လက်ရှိတွင် ဖုန်းဘီလ် ဝန်‌ဆောင်မှုနှင့် ‌နေပြည်‌တော်၊ မန္တ‌လေးအွန်လိုင်း မီတာ‌ဆောင်ခြင်း ဝန်‌ဆောင်မှုများကို ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

No comments: