Pages

HashOcean

Thursday, January 17, 2013

မိုဘိုင်းအင်တာနက် သုံးစွဲခ စနစ်နှစ်မျိုးဖြင့် ‌ကောက်ခံမည်

ဖုန်းအင်တာနက် သုံးစွဲသူများ၏ ကန့်ကွက်မှုများ‌ကြောင့် မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းက မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခများကို အသုံးပြုသည့် အချက်အလက် ပမာဏအလိုက် ‌ကောက်ခံမည့် စနစ်နှင့် လက်ရှိ အသုံးပြု‌နေ‌သော မိနစ်အလိုက် ‌
ကောက်ခံသည့်စနစ် နှစ်မျိုးစလုံးဖြင့် ‌ကောက်ခံသွားရန် စီစဉ်‌နေ‌ကြောင်း သတင်းရရှိသည်။ မိုဘိုင်းအင်တာနက် အသုံးပြုခများကို သုံးစွဲသည့် အချက်အလက် ပမာဏအလိုက်နှင့် ‌ဒေါင်းလုဒ်ပမာဏ အလိုက် ‌ကောက်ခံမည့် Data Volume စနစ်သို့ ‌ပြောင်းလဲရန် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စီစဉ်ခဲ့‌သော်လည်း ကန့်ကွက်သူများစွာ ထွက်‌ပေါ်လာခဲ့သည်။ သို့ဖြစ်၍ ထိုစနစ်အပြင် လက်ရှိ အသုံးပြု‌နေသည့် မိနစ်အလိုက်သာ ‌ကောက်ခံ‌နေသည့် Time Base System ကိုပါ ဆက်လက်ကျင့်သုံးသွားရန် စီစဉ်‌နေ‌ကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦး‌ဌေးဝင်းက ‌ပြောသည်။ ထို့‌ကြောင့် မိုဘိုင်းအင်တာနက် အသုံးပြုသူများ အ‌နေဖြင့် ထိုစနစ်နှစ်မျိုးမှ မိမိနှစ်သက်ရာ စနစ်ကို ‌ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်‌ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်‌နေ့ထုတ် 7 Day News ဂျာနယ်တွင် ‌ဖော်ပြထားပါသည်။

No comments: