Pages

HashOcean

Tuesday, January 8, 2013

ဘားကမ့် (ရန်ကုန်) တွင် ဘားကမ့်၏ သမိုင်းကြောင်း ပြခန်း ထားရိှမည်

Source; http://news.yatanarpon.com.mm/news/news-73767
လွတ်လပ်သော တွေးခေါ်ယူဆချက်များ၊ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ၊ ဗဟုသုတများကို နယ်ပယ်ကဏ္ဍ သတ်မှတ်မထားဘဲ မိမိနှစ်သက်ရာ ခေါင်းစဉ်ဖြင့်  ဝင်ရောက်ဆွေးနွေး ဖြန့်ဝေနိုင်သော Bar Camp Yangon 2013 ပဲြွကီးကို ဇန်နဝါရီလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် Myanmar Info-Tech ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဘားကမ့်သမိုင်းကြောင်း ပြခန်းကို Myanmar Info-Tech ဝန်း တစ်နေရာ၌ ခင်းကျင်း၍ ဘားကမ့် ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ဘားကမ့်၏ မှတ်တမ်းတင် ဓာတ်ပုံများ
စသည်ဖြင့် Bar Camp History Hall of Fame အကြောင်းအရာများကို ပြသမည် ဖြစ်သည်။ ဘားကမ့် တက်ရောက်လာသူများအတွက် လက်ဆောင်ပစ္စည်းများကိုလည်း ထူးထူးခြားခြား ဖြစ်စေရန် စီစဉ်ပေးထားပြီး၊ လက်ဆောင်ထုတ်ယူရန် registration Desk အမြောက်အမြား ခဲွ၍ထားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် wifi Service ကို အခြားကုမ္ပဏီများက Sponsor ပေးခြင်းမျိုး မဟုတ်ဘဲ Bar Camp Yangon ၏ Tech Support Group မှ ကိုယ်တိုင် စီစဉ်သွားမည် ဖြစ်သောကြောင့် ယခင်နှစ်ထက် ပိုမို အဆင်ပြေမည်ဟု ခန့်မှန်းထားကြောင်း Organizer Team Coordinator ကိုထူးမြင့်နောင်က ပြောသည်။ နိုင်ငံတကာ barcamper အများစု အာရုံစိုက်ခြင်း ခံရသည့် မြန်မာနိုင်ငံ၏ ဘားကမ့်ပဲွကို ယခုနှစ်တွင် နိုင်ငံခြားဧည့်သည်များ ပိုမိုလာရောက်မည် ဖြစ်ပြီး အချိန်နီးကပ်လာသည်နှင့်အမျှ Volunteer အရေအတွက်၊ Online registration အရေအတွက်မှာ အလျင်အမြန် တိုးတက်လျက် ရိှကြောင်း တွေ့ရိှရသည်။ Online registration ပြုလုပ်၍ လာရောက်သူတိုင်းကို လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်မည် ဖြစ်သောကြောင့် စိတ်ပါဝင်စား၍ ပါဝင်လိုသော လူငယ်၊ လူကြီးများ၊ http://barcamp yangon2013.doattend.com/ တွင် register ပြုလုပ်နိုင်ကြောင်း သိရိှရသည်။

No comments: