Pages

HashOcean

Monday, January 7, 2013

မူဝါဒ ပြောင်းလဲပြီးနောက် Instagram အသုံးပြုမှု နည်းပါးလာ

Source; http://news.yatanarpon.com.mm/news/news-73753
Facebook သည် ၎င်းတို့ပိုင်ဆိုင်သော Instagram app ဝန်ဆောင်အပိုင်းနှင့် ပတ်သက်၍ ဓာတ်ပုံဆိုင်ရာ မူဝါဒ ပြောင်းလဲပြီး နောက်ပိုင်းတွင် အဆိုပါ app ကို ဝင်ရောက် အသုံးပြုကြသည့် active users အရေအတွက်မှာ ပိုမို နည်းပါးသွားကြောင်း  online သုတေသနအဖွဲ့ ဖြစ်သည့် AppData က ထုတ်ဖော် ပြောဆိုသွားခဲ့သည်။ Facebook မှာ Instagram ကို ယခုနှစ် ဧပြီလအတွင်းက ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက်တွင် ယခုကဲ့သို့ နေ့စဉ် ပုံမှန် သုံးစွဲနေသည့် active users အရေအတွက်မှာ ပြီးခဲ့သည့် သောကြာနေ့ ထုတ်ပြန်သည့် တစ်ပတ်တာ အသုံးပြုသူ အရေအတွက်အရ ၁၂.၄ သန်းသာ ရှိခဲ့ပြီး အဆိုပါသတင်းပတ် မတိုင်ခင်က ရှိခဲ့သည့် အရေအတွက်မှာ ၁၆.၄ သန်းအထိ ရှိခဲ့၍ ၂ သန်းဝန်းကျင် လျော့နည်းသွားကြောင်း AppData အဖွဲ့က စုစည်း တင်ပြထားခြင်း ဖြစ်သည်။ အဆိုပါ လူကြိုက်များသည့် Instagram app မှာ ဓာတ်ပုံများတွင် အမျိုးမျိုးသော ပြောင်းလဲမှုများဖြစ်သည့် filters နှင့် effects များကို သုံးစွဲခွင့်ပြုကာ အင်တာနက်နှင့် စမတ်ဖုန်းများမှ တစ်ဆင့်
အဆိုပါ ပြုပြင်ထားသော ဓာတ်ပုံများကို ပြန်လည် share လုပ်ခြင်း ဖြစ်သည်။ Instagram ၏ မူဝါဒ ပြောင်းလဲမှုမှာ အဆိုပါ ဓာတ်ပုံများကို မူရင်းပိုင်ရှင်များ၏ ခွင့်ပြုချက်မရဘဲ ၎င်းတို့၏ ကြော်ငြာကဏ္ဍများတွင် ထည့်သွင်း အသုံးပြုခြင်းဖြစ်ပြီး ထိုကဲ့သို့ အသုံးပြုခြင်း အတွက်လည်း မူရင်းပိုင်ရှင်အား တန်ဖိုး တစ်စုံတစ်ရာ ပေးအပ်ခြင်း မရှိတော့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် သုံးစွဲသူများဘက်မှ ကြီးစွာ စိတ်ဆိုး ဒေါသထွက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ပုဂ္ဂိုလ်များထဲတွင် Kim Kardashian နှင့် Justin Bieber တို့ကဲ့သို့ နာမည်ကြီး အနုပညာရှင်များလည်း ပါဝင်ခဲ့သည်။ AppData ၏ ထောက်ပြမှုကြောင့် Instagram ၏ ဝန်ဆောင်မှုဆိုင်ရာ မူဝါဒ ပြောင်းလဲမှုများနှင့် ပတ်သက်၍ အာရုံ ပိုမိုစိုက်ခြင်း ရှိလာခဲ့ပြီး အခြားတစ်ဘက်တွင် ၎င်းတို့မှာ ကြော်ငြာရှင်များအား သုံးစွဲသူများ၏ အမည်များ၊ ကြိုက်နှစ်သက်မှုများနှင့် ဓာတ်ပုံများကို ဖော်ပြခြင်းအတွက် ငွေကြေး တစ်စုံတစ်ရာ ပေးချေစေခြင်း ဖြစ်သည်။ ကျေနပ်မှု မရှိကြသော သုံးစွဲသူများက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ တရားရုံးတစ်ခု၌ အရပ်ဘက် အမှုအဖြစ် တရားစွဲထားသည်။

No comments: