Pages

HashOcean

Wednesday, May 23, 2012

သမိုင်းတစ်လျှောက် ကြိုတင်မှာယူမှု အများဆုံးအဖြစ် Galaxy S3 ရပ်တည်

မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရောင်းချမှု သမိုင်းတစ်လျှောက် ကြိုတင်မှာယူမှု အများဆုံး လက်ခံရရှိသော အမျိုးအစားအဖြစ် Galaxy S3 က ရပ်တည်နိုင်ခဲ့ပြီ  ဖြစ်သည်။ Samsung က ထုတ်လုပ်သည့် Android OS အခြေပြု ဖုန်းသစ်သည် ကြိုတင်အမှာစာ (၉) သန်း လက်ခံရရှိခဲ့သည်။ ထိုစံချိန်သည် Apple ၏ iPhone 4S က တင်ရှိထားသော ကြိုတင်အမှာစာ (၄) သန်း စံချိန်၏ နှစ်ဆကျော်ထိ များပြားနေခဲ့သည်။ လေ့လာသူများက Android OS သုံး ဖုန်းများ၏ စျေးကွက် လွွှမ်းမိုးမှုသည် ယနေ့ခေတ်တွင် သန်းပေါင်း(၃၅၀) မျှ ရှိနေသော်လည်း (၂၀၁၃) အကုန်တွင် (၁)
ဘီလျံထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ Galaxy S ဖုန်းစီးရီးများသည် Android OS သုံး ဖုန်းများအနက် ရောင်းပန်းအလှဆုံး ဖြစ်နေခဲ့သည်။

Galaxy S2 ကို ရောင်းချကတည်းက အသုံးပြုသူများ၏ အထင်ကြီး လေးစားမှုကို ပိုင်ဆိုင်နိုင်ခဲ့သည့်နောက် Samsung အတွက် Galaxy S3 ကို ရောင်းချရာတွင် အလွန် မြင့်မြင့်မားမား မျှော်လင့် ခံထားရသည်။ အဆိုပါဖုန်းကို ဗြိတိန်တွင် မေလ (၂၉) ရက်နေ့၌ စတင်ရောင်းချမည် ဖြစ်သည်။ iPhone 4S သည် ကြိုတင်အမှာစာ (၄) သန်းထိ ရရှိခဲ့သော်လည်း Galaxy S3 ၏ စံချိန်နှင့် ယှဉ်ပါက မျက်နှာငယ်လာရသည်။ Samsung သည် စျေးကွက် ဝယ်လိုအားကို အမီလိုက်ရန်အတွက် လုပ်သား (၇၅၀၀၀) ကို အသုံးပြုကာ Galaxy S3 ဖုန်းသစ်များ ထုတ်လုပ်နေရကြောင်း သိရှိရသည်။

Samsung သည် စျေးကွက်အတွင်း Galaxy S3 ကို လိုအပ်ချက်အမီ ဖြည့်ဆည်းနိုင်ရန်အတွက် တစ်လလျှင် အလုံးရေ (၅) သန်း ထုတ်လုပ်ရေး ရည်ရွယ်ထားရာ လုပ်သားတစ်ဦး တစ်နေ့လျှင် ဖုန်း (၆၆) လုံး ထုတ်လုပ်ရမည့် အခြေအနေ ဖြစ်သည်။ Galaxy S3 အတွက် အမှာစာများသည် ကမ္ဘာေဒသ အပိုင်းအခြား တစ်ခုတည်းမှ မဟုတ်ဘဲ ကမ႓ာအရပ်ရပ်မှ ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါဖုန်းသည် ယခုနှစ်အတွင်း ကမ္ဘာပါ်တွင် ပေါ်ပြူလာအဖြစ်ဆုံး မိုဘိုင်းလ်ဖုန်း ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ် ပြောကြားထားသည်။
Source: ရတနာပုံဝက်ဘ်ပေါ်တယ်

No comments: