Pages

HashOcean

Monday, May 21, 2012

Twitter ကတိုက်ခိုက်ခံရသည့် Account ပြဿနာ ဖြေရှင်းနိုင်ဟုဆို


Twitter က ၎င်း၏ တိုက်ခိုက်ခံရသည့် account 55,000 ကို ဖယ်ရှားပစ်ခဲ့ကြောင်း  အစီရင်ခံ တင်ပြခဲ့သည်။ ဟက်ကာအုပ်စု ဖြစ်သည့် Anonymous သည် Twitter account 55,000 နှင့် ပတ်သက်သည့် အသေးစိတ် သတင်းအချက်အလက်များကို ချိတ်ဆက်ရယူပြီး ထုတ်ပြန်ခဲ့သော်လည်း ၎င်းတင်ပြသည့် account အများစုသည် အတုများ ဖြစ်သည်ဟု ဆိုသည်။ ၎င်းအုပ်စုတင်ပြသည့် သတင်းအချက်အလက်၊ username နှင့် password အများစုက အတုများဖြစ်ကြောင်း Twitter က ကြေညာခဲ့သည်။ Postebin ၌
လွှင့်တင်ထားသည့် account စာရင်း၌ လောလေဆယ် ဆိုင်းငံ့ထားသည့်  span account အများအပြား၌ account အတု 20,000 ကျော် ရှိသည်ဟု ဆိုသည်။ username  နှင့်  password အများအပြား၏ ၎င်းတို့အချင်းချင်း ချိတ်ဆက်ပုံများကို ဖော်ပြနိုင်ခြင်း မရှိကြောင်း Twitter က ဆိုသည်။ စိုးရိမ်ပူပန်နေသည့် user များ၏ အဆိုပါ ကွန်ရက်၏ Help Centre သို့ တောင်းခံလာသည့် ၎င်းတို့၏ password ပြောင်းလဲရေးနှင့် လုံခြုံရေး setting  များ ပြန်လည်ကြည့်ရှု သုံးသပ်ရေး လုပ်ငန်းများအတွက် password reset ပြုလုပ်ပြီး  account များကို ထုတ်ပေးခဲ့သည်။ Twitter နှင့် ဟက်ကာများ၏ အပြန်အလှန် တင်ပြချက်များကို အကဲခတ်များက စောင့်ကြည့် သုံးသပ်နေဆဲ ဖြစ်သည်။

Source; NetGuide Journal

No comments: