Pages

HashOcean

Friday, May 25, 2012

အိန္ဒိယအစိုးရ Website များ တိုက်ခိုက်ခံရ

အင်တာနက် Website များအား ဝင်ရောက်တိုက်ခိုက်သည့် အုပ်စုတစ်စုဖြစ်သည့် Anonymous အုပ်စု အိန္ဒိယအစိုးရ၏ Websiteပါင်း ၁၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ တိုက်ခိုက်ခံရသည့် အစိုးရ Website များအနက် ဆက်သွယ်ရး၊ အိုင်တီနှင့် အီလက်ထရောနစ်၊ တရားရုံးချုပ် Website များမှာအထိ အနာဆုံးဖြစ်ပြီး BJP ပါတီနှင့် NC ပါတီတို့၏ Website များလည်း တိုက်ခိုက်ခံရသည်ဟု ဆို၏။ အိန္ဒိယအစိုးရ၏ Website များနှင့် နိုင်ငံရေးပါတီများ၏ Website များကို တိုက်ခိုက်ရခြင်း၏ အဓိက
အကြောင်းရင်းမှာ အိန္ဒိယအစိုးရက video နှင့် File-sharing site များကို ပိတ်ပင်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ၏ အင်တာနက် ဆင်ဆာစနစ်ကို မကျေနပ်သဖြင့် လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း Anonymous အုပ်စုက ဖော်ပြထား၏။ Anonymous က ဤသို့ တိုက်ခိုက်ရာတွင် DDoS နည်းကို အသုံးပြုခဲ့သည်။ သို့သော် အစိုးရနှင့် နိုင်ငံရေးပါတီများ၏ Website များသည် ခဏတာမျှသာ ပြတ်တောက်ခြင်း ရှိခဲ့ပြီးနောင်တွင် ပြန်၍ Website များကို ကြည့်၍ ရခဲ့ကြောင်း သိရ၏။ Source; ရတနာပုံဝက်ဘ်ပေါ်တယ်

No comments: