Pages

HashOcean

Thursday, June 7, 2012

ဘီလ်စနစ်သုံးဖုန်းများ ယခုလသုံးစွဲခ ဘဏ်ငါးခုတွင် ဆောင်ရမည်

ဘီလ်စနစ်အသုံးပြုနေသည့် ဖုန်းများ ယခုလသုံးစွဲခကို ဘဏ်ငါးခုတွင် ဘီလ်ဆောင်ရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သိရသည်။  လက်ရှိတွင် ဘီလ်စနစ် အသုံးပြုနေသည့် မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းများအား ငြွေဖည့်ကတ်စနစ်သို့ ဇွန်လ ၁ ရက်နေ့ နောက်ဆုံးထား ပြောင်းလဲပေးခဲ့ပြီးနောက် ငြွေဖည့်ကတ် စနစ်ကို မပြောင်းလဲခဲ့သည့် ဖုန်းများအား ဘဏ်များမှတစ်ဆင့် အွန်လိုင်းဖုန်းဘီလ် ဆောင်ခြင်းကို ပြုလုပ်ရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။ “ဇွန်လမှာ သုံးစွဲခဲ့တဲ့ ဖုန်းဘီလ်အားလုံး လာမယ့်လတွေကစပြီး ဘဏ်တွေကတစ်ဆင့် ဖုန်းဘီလ် ဆောင်ရမှာပါ။ လက်ရှိ ဘီလ်ဆောင်နေတဲ့ ဆက်သွယ်ရေးရုံးတွေမှာ ဘီလ်ဆောင်လို့ မရတော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ ယင်းသို့ ဘဏ်များမှတစ်ဆင့် ဖုန်းဘီလ်ဆောင်ခြင်းကို ယခင်က မြန်မာ့စီးပွားရေးဘဏ်နှင့် အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် (AGD) တို့သာ ထားရှိခဲ့သော်လည်း လက်ရှိတွင် မြန်မာအရှေ့တိုင်းဘဏ် (MOB)၊ သမဝါယမဘဏ် (CB) နှင့် ယူနိုက်တက် အမရာဘဏ်တို့၌ပါ ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

“ဘီလ်စနစ်ကို ဆက်လက် အသုံးပြုတဲ့သူတွေ ကိုယ်ကြိုက်တဲ့ဘဏ်မှာ ဘီလ်ဆောင်လို့ရအောင် ဘဏ်တွေ တိုးချဲ့ပြီး ဆောင်ရွက်ပေးတာပါ။ အဓိကတော့ သက်ဆိုင်ရာ ဘဏ်တွေမှာ အရင်ကတည်းက ဘဏ်စာရင်း ဖွင့်လှစ်ထားသူတွေ ဘီလ်ဆောင်ဖို့ လွယ်အောင် လုပ်ဆောင်ပေးတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ ဘီလ်စနစ် အသုံးပြုသူများ အနေဖြင့် အွန်လိုင်း ဖုန်းဘီလ်စနစ်ကို အသုံးပြုမည်ဆိုပါက ဝန်ဆောင်မှုပေးသည့်ဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ရမည်ဖြစ်ပြီး ဘဏ်စာရင်းဖွင့်ခ ကျပ်တစ်သောင်းနှင့် ဖုန်းဘီလ်ဝန်ဆောင်ခ ကျပ်ငါးရာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ “ကိုယ်သုံးစွဲမယ့် ဖုန်းဘီလ်ကို ကြည့်ပြီး ငွေသွင်းထားရမှာပါ။ ငွေဘယ်လောက် သွင်းရမယ် ဆိုတာတော့ ကန့်သတ် မထားပါဘူး။ ဘီလ်ဆောင်ဖို့ ငွေမလုံလောက်ရင်တော့ ဘီလ်ဆောင်လို့ မရပါဘူး” ဟု AGD ဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ ကိုရဲမင်းဦးက ပြောသည်။ အွန်လိုင်းမှ ဖုန်းဘီလ် ဆောင်နိုင်သည့် စနစ်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂ရ ရက်နေ့မှ စ၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ရတနာပုံ တယ်လီပို့၊ AGD ဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်တို့မှ စတင် ဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်ပြီး ဘဏ်စာရင်း ဖွင့်လှစ်ထားသူ မည်သူမဆို ဘီလ်ဆောင် ငြွေပည့်ပါက ပြည်တွင်းရှိ အင်တာနက် အသုံးပြုနိုင်သည့် နေရာတိုင်း ရတနာပုံ ဝက်ဘ်ပေါ်တယ်ရှိ https//billing.yatanarpon.com.mm တွင် ဘီလ်ဆောင်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Source: ရတနာပုံဝက်ပေါ်တယ်

No comments: