Pages

HashOcean

Tuesday, June 12, 2012

အင်တာနက်လိပ်စာ စနစ်သစ် ပြောင်းလဲရန် ကမ္ဘာ့အင်တာနက် အဖွဲ့အစည်းက စီစဉ်

လက်ရှိအချိန်တွင် အွန်လိုင်းပေါ်၌ အသုံးပြုနေကြသည့် အင်တာနက်လိပ်စာ အရေအတွက်သည် ၃၄၀ အန်ဒီစလီယံ ရှိပြီး  ၎င်းပမာဏ မှာ ၃၄၀ ထရီလျံ ထရီလျံ ထရီလျံ ဖြစ်သည့်အတွက် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော အင်တာနက် လိပ်စာစနစ် ဖြစ်သည့် IPV4 လိပ်စာများမှာ ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းစနစ်ကို ပြောင်းလဲ သုံးစွဲရန် ပြုလုပ်ရတော့မည့် အချိန် ရောက်လာခဲ့ပြီဟု ကမ႓ာ့ အင်တာနက် လိပ်စာ သတ်မှတ်ရေး အဖွဲ့အစည်းက ပြောကြားခဲ့ပြီး နှစ်ပေါင်းများစွာ
သုတေသန ပြုလုပ်ထားသည့် IPV6 စနစ်ကို ပြောင်းလဲ သုံးစွဲမည် ဖြစ်သည်။
 
ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အင်တာနက်လိပ်စာ သတ်မှတ်ရေး အဖွဲ့အစည်းကြီးက ကမ႓ာပေါ်ရှိ ဆက်သွယ်ရေး နည်းပညာ ပစ္စည်းများနှင့် လိုက်လျောညီထွေ အသုံးပြုနိုင်မည့် IP (Internet Protocol) စနစ်ကို သတ်မှတ်ထားခဲ့ရာ ဂဏန်းများ၏ အပိုင်းလေးပိုင်းဖြင့် ခွဲခြားထားသည့် IPV4 လိပ်စာများသည် အင်တာနက်နယ်ပယ်နှင့် ကွန်ရက် ချိတ်ဆက်မှုများတွင် မသိသူ မရှိသလောက် နာမည်ကြီးခဲ့သည်။ ၂၀၁၁ ခုနှစ် အတွင်းက IPV4 လိပ်စာများ ကုန်ဆုံးတော့မည်ကို သိသည့်အတွက် အင်တာနက် အဖွဲ့အစည်းကြီး အနေဖြင့် IPV6 လိပ်စာများကို ကမ႓ာ့နာမည်ကြီး ဝက်ဘ်ဆိုက်များတွင် အသုံးပြုကာ အချိန်တစ်ရက်ကျော်ကြာ စမ်းသပ်ခဲ့သည်။ ယခုအခါ ဝက်ဘ်ဆိုက်သစ် များစွာ ဖန်တီးနေကြခြင်းနှင့် အင်တာနက်လိပ်စာ အရေအတွက် တောင်းဆိုမှု များပြားလာခဲ့ခြင်းကြောင့် IPV6 လိပ်စာများကို မသုံးမဖြစ် အသုံးပြုနိုင်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
(Source: ရတနာပုံဝက်ဘ်ပေါ်တယ်)

No comments: