Pages

HashOcean

Wednesday, June 27, 2012

CDMA 800MHz ဖုန်းတွင် Video Call စနစ်နှင့် Gtalk စနစ်များအသုံးပြုနိုင်လာ

Source: Internet Journal
CDMA 800MHz စနစ်ပေါ်တွင် Video Call စနစ်နှင့် Gtalk စနစ်နှင့် Gmail စနစ်များအား အသုံးပြုနိုင်လာပြီဖြစ်ကြောင်း သိရသည်။ ယခင်က CDMA 800MHz စနစ်အသုံးပြု Android OS ဖုန်းများ အများအပြားထွက်ရှိခဲ့သော်လည်း Video Call စနစ်အသုံးပြုနိုင်သောဖုန်းနှင့် Gmail, Gtalk စနစ်များအား စုံစုံလင်လင်အသုံးပြုနိုင်သော


ဟန်းဆက်များမှာရှားပါးခဲ့ကြောင်းသိရသည်။ စျေးကွက်တွင်းသို့ အသစ်ဝင်ရောက်လာခဲ့သော HTC EVO 4G CDMA800 ဖုန်းမှာ အဆိုပါစနစ်များအားလုံးအား ပြည့်ပြည့်စုံစုံအသုံးပြုနိုင်လာကြောင်း သိရသည်။ “အရင်တုန်းက စျေးကွက်ထဲကို CDMA 800MHz စနစ်သုံးဖုန်းတွေ အများအပြားဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ဒီဖုန်းတွေထဲမှာ Original Android Gmail စနစ်နဲ့ Gtalk စနစ်အသုံးပြုနိုင်တဲ့ဖုန်းတွေက ရှားပါတယ်။ အချို့ဖုန်းတွေမှာ Gmail ရပေမယ့် Gtalk မရပါဘူး။ Gtalk ရတဲ့ဖုန်းတွေကျတော့လည်း Gmail ကမရဘူးဆိုတဲ့ အဖြစ်တွေရှိနေခဲ့ပါတယ်” ဟု Android OS ဖုန်းအသုံးပြုသူများ၏ ပြောပြချက်အရသိရှိရသည်။ စျေးကွက်အတွင်းသို့ အသစ်ဝင်ရောက်လာခဲ့သော CDMA800 MHz စနစ်သုံး HTC EVO 4G တွင် Android Gmail စနစ်၊ Gtalk စနစ်နှင့် ရုပ်မြင်စနစ်ဖြင့် စကားပြောနိုင်မည်ဖြစ်သော Video Call စနစ်များအား အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Video Call ဖြင့် ရုပ်မြင်စနစ်စကားပြောနိုင်သော ဆော့ဖ်ဝဲထည့်သွင်းလိုသူများနှင့် ဆက်သွယ်ဝယ်ယူလိုသူများအနေဖြင့် ၄၅၀ မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

No comments: