Pages

HashOcean

Thursday, January 17, 2013

အစိုးရဝန်ထမ်းများကို လစာတိုး‌ပေး‌ရေး မလိုအပ်‌သော အသုံးစရိတ်များ ‌လျှော့ချရန် ကြိုးပမ်းမည်ဟု လွှတ်‌တော်အမတ်များ ‌ပြောကြား

လာမည့် ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို တိုးမြှင့်ပေးနိုင်ရန်အတွက် မလိုအပ်‌သော စီမံကိန်းများ၏ ကုန်ကျ‌ငွေများကို

ဖြတ်‌တောက် ရမည်ဖြစ်‌ကြောင်း လွှတ်‌တော်ကိုယ်စားလှယ် အချို့က ‌ပြောသည်။ ပြည်‌ထောင်စု လွှတ်‌တော် ဆဋ္ဌမပုံမှန် အစည်းအ‌ဝေး

ပထမ‌နေ့တွင် နိုင်ငံ‌တော်သမ္မတ ‌ပေးပို့သည့် နှစ်သစ်ကူး သဝဏ်လွှာ၌လည်း လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏

‌ထောက်ပံ့‌ကြေးများကို တိုးမြှင့်ပေးနိုင်‌တော့မည် ဖြစ်‌ကြောင်း ထည့်သွင်း‌ဖော်ပြထားသည်။ “ဝန်ထမ်း‌တွေကို လစာတိုး‌ပေးဖို့က မဖြစ်မ‌နေ

‌ဆောင်ရွက်ရမယ့် ကိစ္စပါ။ ဒါ‌ပေမယ့် တစ်ခုစဉ်းစားရမှာက နိုင်ငံမှာ ဘတ်ဂျက်က လို‌ငွေနဲ့ သွား‌နေရတာ‌လေ။ လို‌ငွေ‌တွေရှိရင် ‌ငွေစက္ကူ‌တွေ

ရိုက်ထုတ်ရ‌တော့ ‌ငွေ‌ကြေး‌ဖောင်းပွမှု‌တွေ ဖြစ်လာနိုင်တယ်။ လစာတိုး‌ပေးမယ်ဆိုရင် မလိုတဲ့ ဘတ်ဂျက်‌တွေကို ဖြတ်ချမှ ရမယ်” ဟု

အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။ လာဘ်‌ပေးလာဘ်ယူမှု ‌လျော့နည်း‌စေ‌ရေးအတွက် ဝန်ထမ်းများအား

လစာတိုး‌ပေးရန် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် လွှတ်‌တော်မှ ‌တောင်းဆိုခဲ့‌သော်လည်း နိုင်ငံ‌တော်သမ္မတက တိုးမ‌ပေးနိုင်သည့်အတွက်

ယခုဘဏ္ဍာနှစ်တွင် တိုး‌ပေးနိုင်ရန် စီစဉ်ခြင်း ဖြစ်နိုင်ပြီး ရန်ပုံ‌ငွေ လုံ‌လောက်မှု ရှိ‌စေရန် မလိုအပ်‌သော ဘတ်ဂျက်များ ‌လျှော့ချခြင်း

နည်းလမ်းသာမက ဖွဲ့စည်းပုံ ပိုလျှံ‌နေ‌သော ဝန်ထမ်း အဖွဲ့အစည်းများအား ‌သေချာစိစစ်၍ လိုအပ်‌သော ဖွဲ့စည်းပုံအတိုင်းသာ

ထားရှိလုပ်‌ဆောင်ရန် လိုအပ်‌ကြောင်း အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ‌ဒေါက်တာ‌အေး‌မောင်က ‌ပြောသည်။ တိုင်းပြည်တွင်

လက်ရှိကာလ၌ ဘဏ္ဍာ‌ရေး အကျပ်အတည်း ကြုံ‌တွေ့‌နေရသည် မဟုတ်ဘဲ မှန်မှန်ကန်ကန် သုံးစွဲနိုင်ရန် ညှိနှိုင်း‌နေရသည့်


ကာလဖြစ်သဖြင့် ယခုဘဏ္ဍာ‌ရေးနှစ်တွင် ဝန်ထမ်းများအား လစာတိုး‌ပေးမည် ဆိုသည်မှာ ဖြစ်နိုင်‌ကြောင်း ပြည်သူ့လွှတ်‌တော်

ကိုယ်စားလှယ် ဦး‌ဌေးဦးက ‌ပြောသည်။ လာမည့်ဘဏ္ဍာ‌ရေးနှစ်အတွက် ရသုံးမှန်း‌ခြေ ‌ငွေစာရင်းကိုလည်း အစိုးရနှင့် 

လွှတ်‌တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ‌ဆွေး‌နွေးနိုင်ခဲ့သဖြင့် ပြည်‌ထောင်စု၏ ဘဏ္ဍာ‌ငွေ

အရအသုံးဆိုင်ရာ ဥပ‌ဒေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်‌တော့မည်ဖြစ်‌ကြောင်း နိုင်ငံ‌တော် သမ္မတ၏ သဝဏ်လွှာတွင်

‌ဖော်ပြထားသည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်‌နေ့ထုတ် 7 Day News ဂျာနယ်တွင် ‌ဖော်ပြထားပါသည်။

No comments: